Burmese

NYSITELL မိဘ များအတွက်
ပညာပေး သတ င်းစာစောင်
Burmese | August 2015
နယူးယောက်ပြည်နယ် အစိုးရကျောင်း စနစ်မှ ကြိုဆိုပါ၏! နယူးယောက်ပြည်နယ် ပညာရေးဋ္ဌာန (NYSED) ဒွိဘာသာ ပညာရေးနှင့်
ကမ္ဘာ့ ဘာသာစကားများဆိုင်ရာရုံး (OBEWL) ၏ အန္တိမ ရည်ရွယ်ချက်မှာ၊ အင်္ဂလိပ်ဘာသာစကား သင်ယေ
ူ နသူများ (ELLs)/
ဘာသာစကားမျိုးစုံ လေ့လာသူများ (MLLs) အပါအဝင် နယူးယောက်ပြည်နယ်တွင်းရှိ ကျောင်းသား/သူများ အားလုံး အဆင့်မြင့်
ပညာရေး ထူးချွန်မှု ရရှိ၍ ဘာသာစကား ကျွမ်းကျင် တတ်မြောက်ရေးပင် ဖြစ်ပေသည်။ ကျောင်းသား/သူ တဦးချင်းစီ၏ ဘာသာစကား
အစုံအ လင်ပေါ် အခြေခံသ ည့် ပညာရေးလမ်းကြောင်း နှင့် လူမှုစိတ်ဓါတ်ရေးရာ လိုအ ပ်ချက်တို့ကို ပြည်ဝ
့ စေပြီး၊ ကောလိပ် နှင့်
အလုပ်အ ကိုင် အဆင်သ င့် ဖြစ်စေရန်အ တွက် ကျွန်ုပ်တ့ မ
ှို အစွမ်းကုန် ကြိုးစားလျှက် ရှိသ ည်။
နိဒါန်း
သင့်ကလေး၏ အိမ်သုံး နှင့် မိခင်ဘာသာစကားတို့မှ အင်္ဂလိပ်ဘာသာစကား မှ အပ ဖြစ်ကြောင်း ကျောင်းအပ်စဉ်က သင်ဖေါ်ပြခဲ့၍၊ ဆရာ/မ
တဦးမှ သင့်ကလေးအား လူတွေ့ မေးမြန်းခဲ့ပြီး သင့်ကလေးအတွက် အင်္ဂလိပ်ဘာသာစကားဆိုင်ရာ အထောက်အပံ့များ ပိုမိုလိုအပ်ခြင်း ရှိ၊
မရှိကို ဆုံးဖြတ်ပေးခဲ့ပြီး ဖြစ်သည်။ ထိုသို့ လူတွေ့ မေးမြန်းမှုမှ သင့်ကလေးသည် ELL/MLL တဦး ဖြစ်နိုင်ခြေရှိကြောင်းနှင့်၊ ၄င်းသည် ELL
ဝန်ဆောင်မှုများ ရရှိနိုင်ကြောင်းတို့ကို တွေ့ရှိခဲ့ရသည်။ သင့်ကလေးမှ ထို အင်္ဂလိပ်ဘာသာစကား အထောက်အပံ့တို့အား လိုအပ်ခြင်း ရှိ၊
မရှိကို ပိုမိုသေခြာစေရန်အတွက် ၄င်းအား နယူးယောက်ပြည်နယ် အင်္ဂလိပ်ဘာသာစကား သင်ကြားသူများအား ဖွေရှာသတ်မှတ်သည့်
စာမေးပွဲ (NYSITELL) ကို ယခု ပေးဖြေဆိုမည် ဖြစ်သည်။
NYSITELL စာမေးပွဲ၏ ရည်ရွယ်ချက်က ဘာလဲ?
NYSITELL ၏ ရည်ရွယ်ချက်မှာ အင်္ဂလိပ်ဘာသာစကားမှ အပ၊ အခြားတခုအား မိခင်ဘာသာစကား အဖြစ် အသုံးပြုသော ကျောင်းသား/သူ
အသစ်များ၏ အင်္ဂလိပ်ဘာသာစကား အဆင့်ကို ဆန်းစစ်ရန် ဖြစ်သည်။ သင့်ကလေးမှ ELL ဝန်ဆောင်မှုများ လိုအပ်ခြင်း ရှိ၊ မရှိ နှင့်၊
လိုအပ်မှု အတိုင်းအတာတို့ကို ၄င်း၏ NYSITELL (စတင်ဝင်ရောက်ခြင်း၊ တိုးတက်ခြင်း၊ ကူးပြောင်းခြင်း၊ တိုးပွားခြင်း၊ သို့မဟုတ် ပိုင်နိုင်ခြင်း)
ရမှတ်မှ ဆုံးဖြတ်ပေးမည် ဖြစ်သည်။ ထိုရလဒ်များသည် ဆရာ/မများအားလည်း သင့်ကလေး၏ စွမ်းရည်အပေါ်မူတည်၍ သင့်လျှော်သည့်
အင်္ဂလိပ် ဘာသာစကား အကြား၊ အပြော၊ အဖတ် နှင့် အရေးဆိုင်ရာ လေ့လာမှုတို့ကို ဖန်တီးနိုင်ရန် ကူညီပေမည်။
NYSITELL စာမေးပွဲကို ဘယ်အချိန် စစ်သ လဲ?
နယူးယောက်ပြည်နယ် ပညာရေးစနစ်တွင်းရှိ ELL/MLL ကျောင်းသား/သူများ အတွက် NYSITELL ကို ကျောင်းအပ်ကာလအပြီး
တကြိမ်သာ စစ်ဆေးပေးသည်။
ကျောင်းသား/သူများအား မည်ကဲ့သို့သော မေးခွန်းများ မေးမြန်းပါသလဲ?
NYSITELL တွင် အကြား၊ အပြော၊ အဖတ် နှင့် အရေးဆိုင်ရာ ဓမ္မဓိဋ္ဌာန်မေးခွန်းများများ၊ မေးခွန်းတိုများ၊ မေးခွန်းရှည်များ၊ နှင့်
နှုတ်မေးနှုတ်ဖြေများ ပါဝင်မည် ဖြစ်သည်။
ရလဒ်များကို ဘယ်လိုရနိုင်ပါသလဲ?
သင့်ကလေး တက်ရောက်ရန် စာရင်းပေးသွင်းခဲ့သည့်ကျောင်းမှ သင့်ကလေး၏ အဆင့်နှင့် ထပ်မံဆောင်ရွက်ရန် လိုအပ်သည်တို့ကို
မိဘတဦးဦးအား စာဖြင့် အကြောင်းကြားပေလိမ့်မည်။ အကယ်၍ သင့်ကလေးသည် ELL/MLL အဖြစ် သတ်မှတ်ခံရပါက၊ သင့်ကလေး
အတွက် ရရှိနိုင်သည့် ELL အစီအစဉ်များဆိုင်ရာ ကြိုဆိုတွေ့ဆုံပွဲသို့ တက်ရောက်ရန် သင့်အား ဖိတ်ကြားပေလိမ့်မည်။
Burmese | August 2015
ကျွမ်းကျင်မှု အဆင့်တွေဆိုတာ ဘာတွေလဲ?
သင့်ကလေး ရသည့် အမှတ်ပေါ်မူတည်၍၊ ၄င်းအား ELL/MLL တဦးအဖြစ် သတ်မှတ်နိုင်ပေသည်။ အောက်ဖေါ်ပြပါ ဇယားတွင် အင်္ဂလိပ်
ဘာသာစကား တတ်မြောက်ကျွမ်းကျင်မှု အဆင့်တို့ကို တွေ့နိုင်ပေသည် -
အဆင့်
စတင်ဝင်ရောက်ခြင်း
(အခြေခံ အစပြု)
အင်္ဂလိပ် ဘာသာစကား တတ်မြောက်ကျွမ်းကျင်မှု အဆင့်
ဤအတန်း၏ ပညာရေး ကဏ္ဍ အစုံအလင် အတွက် လိုအပ်သည့်
အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှုကို ဆုပ်ကိုင်
ပိုင်ဆိုင်နိုင်ရန် ကျောင်းသား/သူသည် ဘာသာစကား လေ့လာမှု
ဆိုင်ရာ ထောက်ပံ့မှုများ နှင့် စနစ်တကျ တည်ဆောက်ထားသည့်
သင်ကြားမှု ပုံစံများ အပေါ် မှီခိုရန် အများအပြား လိုအပ်လျှက်
ရှိသည်။
တိုးတက်ခြင်း
ပိုင်ဆိုင်နိုင်ရန် ကျောင်းသား/သူသည် ဘာသာစကား လေ့လာမှု
ဆိုင်ရာ ထောက်ပံ့မှုများ နှင့် စနစ်တကျ တည်ဆောက်ထားသည့်
သင်ကြားမှု ပုံစံများ အပေါ် မှီခိုရန် အနည်းငယ် လိုအပ်လျှက်
ရှိသည်။
ကူးပြောင်းခြင်း
(အလယ်အလတ်)
ဤအတန်း၏ ပညာရေး ကဏ္ဍ အစုံအလင် အတွက် လိုအပ်သည့်
အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှုကို ဆုပ်ကိုင်
ပိုင်ဆိုင်နိုင်ရန် ကျောင်းသား/သူသည် ဘာသာစကား လေ့လာမှု
ဆိုင်ရာ ထောက်ပံ့မှုများ နှင့် စနစ်တကျ တည်ဆောက်ထားသည့်
ဝန်ဆောင်မှုများ ရယူခွင့် ရှိသည်။
(အခြေခံ အလယ်အလတ်)
ဤအတန်း၏ ပညာရေး ကဏ္ဍ အစုံအလင် အတွက် လိုအပ်သည့်
အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှုကို ဆုပ်ကိုင်
သင်ကြားမှု ပုံစံများ အပေါ် မှီခိုမှုမှ အနည်းငယ် လွတ်လပ်လျှက်
ရှိသည်။
တိုးပွားခြင်း
(အဆင့်မြင့်)
ဤအတန်း၏ ပညာရေး ကဏ္ဍ အစုံအလင် အတွက် လိုအပ်သည့်
အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှုကို ဆုပ်ကိုင်
ပိုင်ဆိုင်နိုင်ရန် ကျောင်းသား/သူသည် ဘာသာစကား လေ့လာမှု
ဆိုင်ရာ ထောက်ပံ့မှုများ နှင့် စနစ်တကျ တည်ဆောက်ထားသည့်
သင်ကြားမှု ပုံစံများ အပေါ် မှီခိုမှုမှ အများအပြား လွတ်လပ်လျှက်
ရှိသည်။
ဘယ်သူတွေက ဒီစာမေးပွဲကို စစ်ပြီး၊ ဘယ်သူက အမှတ်ပေးတာလဲ?
NYSITELL ကို နယူးယောက်ပြည်နယ်ရှိ ကျွမ်းကျင် ဆရာ/မများမှ စစ်ဆေး၍ အမှတ်ပေးပါသည်။
အကယ်၍ ကျွန်ုပ်၏ ကလေး၌ တဦးချင်း သင်ယူမှု အစီအ စဉ် ရှေ
ိ နခဲ့ပါက၊ NYSITELL စာမေးပွဲဖြေဆိုစဉ် သင့်လျှော်သ လို
စီစဉ်ပေးနိုင်ပါသလား?
တဦးချင်း သင်ယူမှု အစီအစဉ်ရှိနေသော ကျောင်းသား/သူ အတွက် NYSITELL စာမေးပွဲ ဖြေဆိုစဉ် သင့်လျှော်သလို စီစဉ်မှုများကို
ခွင့်ပြုနိုင်ပါသည်။ သင့်ကလေး ရသင့်ရထိုက်သော စီစဉ်မှုများနှင့် ပတ်သက်သည့် အချက်အလက် အတိအကျကို သင့်ကလေး၏
ဆရာ/မအား ပြောဆိုမေးမြန်းပါ။
ကျွန်ုပ်၏ ကလေးအား ELL/MLL အဖြစ် သတ်မှတ်ပါက မည်သ ည့် ဝန်ဆောင်မှုများ ရရှိနိုင်ပါသလဲ?
သင့်ကလေးအား ELL/MLL အဖြစ်သတ်မှတ်ပါက ၄င်းမှ ဒွိဘာသာ ပညာရေး (အကူးအပြောင်း သို့မဟုတ် နှစ်ဘာသာ) နှင့်/သို့မဟုတ်
အင်္ဂလိပ်စာအား ဘာသာစကား အသစ်အဖြစ် လေ့လာသူ (ENL) ဝန်ဆောင်မှုများ ရရှိမည်။ သင့်ကလေး၏ ကျွမ်းကျင်မှု အဆင့်တို့သည်၊
Burmese | August 2015
၎င်းမှ တပတ်လျှင် ELL ဝန်ဆောင်မှု (အတန်းချိန်) မည်မျှ ရမည် ဖြစ်ကြောင်း သတ်မှတ်ပေးသည်။ ကျွမ်းကျင်မှုပေါ် အခြေခံ၍ လိုအပ်သည့်
မိနစ် အတိအကျကို အောက်ဖေါ်ပြပါ ဇယားတွင် ကြည့်ရှုပါ။
အဆင့်
စတင်ဝင်ရောက်ခြင်း
မူလတန်း-၈တန်း
၉တန်း-၁၂တန်း
တပတ်လျှင်
တပတ်လျှင်
ရရှိမည့် ENL
ရရှိမည့် ENL
အစီအစဉ်မှ
သင်ကြားမှု
သင်ကြားမှု
မိနစ်ပေါင်း
မိနစ် ၃၆၀
မိနစ်ပေါင်း
မိနစ် ၅၄၀
ကျောင်းသား/သူများ
ဒွိဘာသာစကား
• မိခင်ဘာသာ အခြေပြု
ဝိဇ္ဇာဘာသာရပ် ၁ခု
(အခြေခံ အစပြု)
• အနည်းဆုံး ဒွိဘာသာအခြေပြု
ဆိုင်ရာ ဘာသာရပ် ၂ခု
တိုးတက်ခြင်း
မိနစ် ၃၆၀
မိနစ် ၃၆၀
ဝိဇ္ဇာဘာသာရပ် ၁ခု
(အခြေခံ
• အနည်းဆုံး ဒွိဘာသာအခြေပြု
အလယ်အလတ်)
ကူးပြောင်းခြင်း
• မိခင်ဘာသာ အခြေပြု
• ဆိုင်ရာ ဘာသာရပ် ၂ခု
မိနစ် ၁၈၀
မိနစ် ၁၈၀
• မိခင်ဘာသာ အခြေပြု
ဝိဇ္ဇာဘာသာရပ် ၁ခု
(အလယ်အလတ်)
• အနည်းဆုံး ဒွိဘာသာအခြေပြု
• ဆိုင်ရာ ဘာသာရပ် ၁ခု
တိုးပွားခြင်း
မိနစ် ၁၈၀
မိနစ် ၁၈၀
(အဆင့်မြင့်)
• မိခင်ဘာသာ အခြေပြု
ဝိဇ္ဇာဘာသာရပ် ၁ခု
• အနည်းဆုံး ဒွိဘာသာအခြေပြု
• ဆိုင်ရာ ဘာသာရပ် ၁ခု
ကျွန်ုပ်မှ စာမေးပွဲ ရလဒ်များကို သိပြီနှင့် တပြိုင်နက် အိမ်တွင် မည်သို့ ကူညီပေးနိုင်သ လဲ?
•
သင့်ကလေးအား မိခင်ဘာသာစကား သိ့မ
ု ဟုတ် အင်္ဂလိပ်ဘာသာစကားဖြင့် စာဖတ်ပြပါ (သင့်ကလေးအား မိခင်ဘာသာစကားဖြင့်
စာဖတ်ပြခြင်းသည် အင်္ဂလိပ်စာ တတ်မြောက်မှုကို အားပေးကြောင်း သုတေသနများတွင် ဖေါ်ပြထားသည်)။
•
သင့်ကလေးအား မိခင်ဘာသာစကားဖြင့် ပုံပြင်ပြောပြပါ။
•
နီးစပ်ရာ စာကြည့်တိုက်သို့ သွားရောက်လည်ပတ်၍ သင့် မိခင်ဘာသာစကားပါသော အသံထွက် စာအုပ်များ ငှားရမ်းပါ။
•
သင့်ကျောင်းမှ စီစဉ်ဖိတ်ကြားသော မိဘ-ဆရာ အစည်းအဝေးများကို မပျက်မကွက် တက်ရောက်ပါ။
•
သင့်ကလေးအား အောင်မြင်မှု ရရှိရေးအတွက် နည်းလမ်းကောင်းများကို ဆရာ/မ ထံမှ ရရှိရန် အလို့ငှာ ၄င်းနှင့် ချိန်းဆို တွေ့ဆုံပါ။
•
သင့်ကလေး အိမ်စာလုပ်ရန် နေ့စဉ် အချိန် သတ်မှတ်ပေး၍၊ ဖြစ်နိုင်လျှင် အနှောက်အယှက်ကင်းသည့် စာလုပ်ရန် နေရာတခုကို
စီစဉ်ပေးပါ။
•
ပြတိုက်များသို့ မိသားစု အလည်အပတ် သွားနိုင်ရန် စီစဉ်ပါ။ သင့်ကလေး နှင့် လှည့်ပတ်သွားလာနိုင်ရန် ပြတိုက်လမ်းညွန်များမှ
အကူအညီ ပေးနိုင်ပါသည်။
•
ပြတိုက်များ နှင့် စာကြည့်တိုက်များသည် ကျောင်းချိန်ပြင်ပ နှင့် စနေ၊ တနင်္ဂနွေ ရက်များတွင် အခလျှော့၊ သို့မဟုတ် အခမဲ့
အသိဥာဏ်တိုးပွားရေး အစီအစဉ်များ ဖန်တီးစီမံ ပေးတတ်သည်။
Burmese | August 2015
ELL ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် မေးခွန်းများ၊ စိုးရိမ်ပူပန်မှုများ ရှိပါက အောက်ပါသို့ ဆက်သွယ်ပါ
[email protected]
ELL မိဘများအတွက် အရေးပေါ် ဖုန်းနံပါတ် (800) 469-8224
ထပ်မံ မေးမြန်းလိုသ ည်များ ရှိပါသလား?
ဒိဘ
ွာသာ ပညာရေးနှင့် ကမ္ဘာ့ ဘာသာစကားများဆိုင်ရာရုံးသို့ မေးခွန်းများ
သို့မဟုတ် ပြောလိုသည်များ ကျေးဇူးပြု၍ ပေးပို့ပါ
[email protected]
သို့မဟုတ် 718-722-2445 သို့ဖုန်းခေါ်ပါ
အကြောင်း ပိုမိုသိရှိလိုပါက အောက်ပါသို့ သွားရောက် ကြည့်ရှုပါ
NYSITELL
http://www.p12.nysed.gov/assessment/nysitell/
Burmese | August 2015